မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ဆက်ကြေးကောက်ခံ အကြမ်းဖက်စကစတပ်သားတွေတိုက်ခိုက်ခံရ၊(၃)ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

အောက်တိုဘာ ၂၉၊ The Nation Voice

ကရင်ပြည်နယ်၊မြဝတီ-ကော့ကရိတ် အာရှလမ်း ဒေသအခေါ် ကွမ်းခြံကုန်းကွေ့ လမ်းမတစ်နေရာမှာ နေရာနှစ်ခုခွဲပြီး ပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စကစတပ်သားတွေကို အောက်တိုဘာ(၂၆)ရက်နေ့က သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၆)ရက်နေ့က အကြမ်းဖက်စကစတပ်သား(၈)ဦးခန့်ဟာ နေရာနှစ်နေရာ‌ခွဲပြီးဆက်ကြေးကောက်ခံနေချိန် KNLA နဲ့ ကျားသစ်နက် ပူးပေါင်း စစ်ကြောင်းတို့က အဲ့ဒီနေရာနှစ်ခုလုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စကစဘက်က(၃)ဦးသေဆုံးခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာရကာ MA 2 (၃)လက်၊ MA 3(1)လက်၊ ကျည်အိမ် (၁၂)ခု နဲ့ M 79 ကျည် (၄)လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ပြည်သူတွေက ပို့သတဲ့ မေတ္တာကြောင့် ထိခိုက်မှု့ တစုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *