အောက်တိုဘာ ၂၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက မြို့မရဲစခန်းကို မနေ့ကလက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဓါးမဆိုင်းတပ်မတော် (D.M.S.A)က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ည(၉)နာရီလောက်မှာ ဆားလင်းကြီးမြို့မရဲစခန်းကို ပူးပေါင်းအဖွဲ့တွေက (၆၀)မမ၊ (၈၀)မမ ၊(၁၂၀)မမ လက်နက်ကြီး (၁၂)လုံးခန့်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ပူးပေါင်းအဖွဲ့တွေဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ရဲစခန်းအတွင်းကို (၇)လုံး၊ထွေအုပ်ရုံးအတွင်းကို (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စကစဘက်က(၃)ဦးသေဆုံးကာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက်စကစဘက်ပြန်လည်ပစ်ခတ်မှုတွေပြုလပ်ခဲ့ပြီး ပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ (D.M.S.A)ကတာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
“အခုလိုတိုက်ပွဲအရှိန်မြင့်နေတဲ့အချိန်မှာ ပြည်သူတွေကရုံးဌာနတွေနဲ့ စစ်ခွေး၊ရဲခွေးတွေနဲ့နီးတဲ့နေရာမှာမနေကြဖို့ပြောချင်ပါတယ်”လို့လည်း သူကဆက်ပြောပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဓါးမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်းရင်း-၂၈၊ တပ်ခွဲ (၂)၊တပ်ခွဲ(၄) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
(D.M.S.A)အဖွဲ့ဟာ အောက်တိုဘာ(၂၂)ရက်နေ့တုန်းကလည်း ဆားလင်းကြီးမြို့မရဲ့စခန်းနဲ့ တရားရုံး၊ထွေအုပ်ရုံးတို့ကို (၁၂၀)မမလက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်
# #


