အောက်တိုဘာ ၃၀၊ The Nation Voice
မကွေးတိုင်း၊ စလင်းမြို့နယ် လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း (LDF ) က ဒီကနေ့ အောက်တိုဘာ (၃၀) ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက်အစောပိုင်း (၂) နာရီလောက်က စစ်ကောင်စီလက်အောက်ခံ လင်းဇင်းတိုက်နယ် ရဲစခန်းဝင်း စခန်းမှူးအိပ်ဆောင်အတွင်းဝင်ရောက်ပြီး မိုင်းနှစ်လုံးတပ်ဆင်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
” ရဲစခန်းဝင်းအတွင်း ရဲေ-ွး အိပ်ဆောင်ပေါ်ထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း ၊ စလင်းတပ်ခွဲ ရဲဘော်များမှ စွန့်စွန့်စားစား သွားရောက်တက်ဆင်ကာ အဝေးမှ ေ-ာက်ခွဲ တိုက်-ိုက်ခဲ့ခြင်းဖြစ်ပါသည် ” လို့ ဖော်ပြပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေကို စုံစမ်းဆဲဖြစ်ပြီး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း (LDF ) တပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာ တပ်ခွဲများအလိုက် လက်နက်ကိုင် တော်လှန်ရေးကို ကြိုးစားအကောင်အထည် ဖော်နေပြီး မိဘပြည်သူများအနေဖြင့်လည်း မိမိတို့နိုင်ရာတာဝန်များကို ပါဝင်ကူညီထမ်းဆောင်ရင်း တော်လှန်ရေးအရှိန် ဝိုင်းဝန်းမြှင့်တင်ကြဖို့ နှိုးဆော်ထားပါတယ်။
