အောက်တိုဘာ ၃၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် ဦးမြအေးလမ်းမှာကင်းပုန်းဝတ်နေတဲ့ အကြမ်းဖက်စကစတပ်သားတွေကို ဒီကနေ့မနက်(၁)ဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က သတင်းထုတ်ပြန်ပါတယ်။
ဦးမြအေးလမ်းမှာကင်းပုန်းဝတ်နဲ့ အကြမ်းဖက်စကစတပ်သားတွေကို ပူးပေါင်းအဖွဲ့တွေက ဗုံး(၁)လုံး ၊လျှက်ဆားဗုံး(၂)လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စကစဘက်က(၆))ဦးခန့် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပူးပေါင်းအဖွဲ့တွေဘက်က လက်နက်ကောက်ယူဖို့ကြိုးစားခဲ့ပေမယ့် အနီးပတ်ဝန်းကျင်ရှိ အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ပစ်ခတ်တာကြောင့် လက်နက်မကောက်ယူနိုင်ခဲ့ပဲ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ အသိပေးထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ M.R.D.A တပ်ရင်း (၆)၊ တပ်ခွဲ(၁) နဲ့အတူ နွေဦးသစ္စာပြောက်ကျားအဖွဲ့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)အနေနဲ့ တိုင်းပြည်အနာဂတ်အောင်ပွဲအတွက်ပြည်သူတွေရဲ့စေတနာနဲ့အတူ အစဥ်မပြတ်ကြိုးစားလျက်ရှိပြီး ဒေသတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းကာ အရင်ကထက် ပိုမိုကြိုးစားသွားမယ်လို့ပြောဆိုထားပါသေးတယ်။
ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်
