KTV မှာ သောက်စားပျော်ပါးနေတဲ့ အကြမ်းဖက်စကစတပ်သားတွေ တိုက်ခိုက်ခံရပြီး စခန်းမှုးအပါဝင်(၃)ဦးသေ

အောက်တိုဘာ ၃၀၊ The Nation Voice

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုံအနီးက KTV မှာ အရက်သေရည်စာ သောက်စားမူးရူးပြီးပျော်ပါးနေတဲ့ အကြမ်းဖက်စကစ ရဲသားတွေကို မနေ့ကအောက်တိုဘာ(၂၉)ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြို့သာစက်မှုဇုံအနီးက KTV မှာသောက်စားမူးရူးနေတဲ့ ရဲ(၉)ဦးကို ပူးပေါင်းအဖွဲ့တွေက လက်ပစ်ဗုံး(၂)လုံး၊လက်နက်ငယ်တွေနဲ့ ကျည်ကိုအတွဲလိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ငါန်းမြာကြီး ရဲကင်းစခန်းက စခန်းမှူး ရာဇဝင်းမြင့်အပါအဝင် စုစုပေါင်း(၃)ဦးသေဆုံးခဲ့ပြီး (၆)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့အတူ MNPDF ၊ စဥ့်ကိုင် PDF ၊ TGYR ၊ မီးနဂါး NZN တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *