အောက်တိုဘာ၃၁၊ The Nation voice
ပေါင်းတည်မြို့နယ်၊ကြို့ပင်အုပ်စုမှာ ဗုံးခွဲခံရတဲ့ ကြို့ပင်အုပ်ချုပ်ရေးမှူးရုံးကို စစ်ဆေးဖို့လာတဲ့ စစ်သားနဲ့ရဲတွေကို မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Paungde People Defense Force-PPDF ကဒီနေ့ထုတ်ပြန်ပါတယ်။
မနေ့က ည ၈နာရီ၄၀လောက်မှာကြို့ပင် အုပ်ချုပ်ရေးမှူးရုံးကိုဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကို စစ်ဆေးဖို့လာတဲ့ စစ်သားနဲ့ရဲတွေက်ို ကြို့ပင်ရွာက အထွက်(၃၄)လမ်း၊တာပွန်လမ်း အနီးမှာ ည၁၀ နာရီ၁၀လောက်ကနောက်တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
“သူတို့က ကားတစ်စီး ဆိုင်ကယ်(၄)စီးလာတာ ကြို့ပင်က အပြန်ကို ကြိုစောင့်ပြီး မိုင်းဆွဲလိုက်တာ အဲ့ကောင်တွေလည်း ထိတော့ထိမယ် ကားမှန်တွေ တော့ကွဲသွားတယ် “လို့ PPDF ရဲ့တာ၀န်ရှိသူတစ်ဦးက TNV ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားနဲ့ရဲတွေဟာဗုံးခွဲခံရချိန်မှာ ဆိုင်ကယ်တွေကိုအတင်းမောင်းပြီးကြောက်လန့်တကြားနဲ့ထွက်ပြေးသွားကြတယ်လို့ လည်းဒေသခံတစ်ဦးကပြောပါတယ်။
“အဲ့နားကလမ်းထိပ်ကိုမနက်၃နာရီလောက်မှာပြန်လာတယ် စစ်သားတွေအများကြီးပဲ ဖြစ်တဲ့နေရာကျမသွားရဲဘူး အဲ့နားကလမ်းထိပ်မှာ ပဲရပ်နေကြတာ”လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကိုတော့ PPDF တပ်ရင်း၃၆၀၁ တပ်ခွဲ ၅ နွေဦးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးပြီးချိန်မှာ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

