မြစ်ကြီးနားမြို့မှာ မနေ့ညက ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးထိခိုက်

အောက်တိုဘာ ၃၁၊ The Nation Voice

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ စုပေါင်းရုံးမှာ မနေ့က အောက်တိုဘာ ၃၀ရက်ညပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖြစ်တာက မနောကွင်းကနေ စျေးဘက်ကိုသွားတဲ့ လမ်းထဲမှာ။ အဲဒီမှာ ရုံးတွေရှိတယ်။ ဘာကြောင့်ဆိုတာတော့ မသိရသေးဘူး။ အခုတလောက ဆွမ်ပရာဘွမ်လမ်းမမှာလည်း တစ်ခေါက်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂၇ရက်နေ့ညပိုင်းလောက် တစ်ခါဖြစ်တာ။ အဲဒါက ကုမ္ပဏီမှာ” လို့ မြစ်ကြီးနားမြို့ခံကပြောပါတယ်။

ဒေသခံရဲ့ အဆိုအရ မနေ့ညက ပေါက်ကွဲမှုကြောင့် ထိခိုက်တဲ့သူဟာ သေဆုံးသွားတယ်လို့ ဆိုပေမယ့် ကချင် သတင်းဌာန Kachinwaves ရဲ့ဖော်ပြချက်မှာတော့ အသက် ၃၀ အရွယ်အမျိုးသား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးပေမယ့်ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်ကလည်း မြစ်ကြီးနားက ဘတ်ဟိုးရောင်းဝယ်ရေး ကုမ္ပဏီ တစ်ခုမှာ မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၂၃ရက်က ဖားကန့် မြို့နယ်အနန့်ပါဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ပေါ် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ကလည်းမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *