ရှားတောမြို့နယ်၊ပွန်ချောင်းကျေးရွာအနီးက အကြမ်းဖက်စကစခြေကုပ်စခန်းကို ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်

အောက်တိုဘာ ၃၁၊ The Nation Voice

ကယား(ကရင်နီ)ပြည်နယ်၊ရှားတောမြို့နယ်၊ပွန်ချောင်းကျေးရွာအနီးက အကြမ်းဖက်စကစရဲ့ ခြေကုပ်စခန်းတစ်ခုကို အောက်တိုဘာ(၂၇)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF B-14 က အသိပေးထုတ်ပြန်လာပါတယ်။

အောက်တိုဘာ(၂၇)ရက် မနက်ပိုင်းလောက်မှာ ပွန်ချောင်းကျေးရွာ အနီးက အကြမ်းဖက်စစ်အုပ်စုခြေကုပ်စခန်းကို KNDF B-14 နဲ့အတူ KA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိနစ်(၄၀)ကြာအောင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်တွေဘက်က အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေကုပ်စခန်းအတွင်းမှာရှိတဲ့ ပစ်မှတ်အချို့ကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျမသိ‌ရသေးဘူးလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စကစဘက်က ခြေကုပ်စခန်းအတွင်းကနေ အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ပွန်းချောင်းကျေးရွာထဲက ဒေသခံလူနေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးမှု ရှိခဲ့တယ်လို့လည်း အသိပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *