အောက်တိုဘာ ၃၁၊ The Nation Voice
အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သူတွေစာရင်းကို စစ်ကောင်စီက ထုတ်ပြန်လာပေမယ့် လုပ်ကြံခဲ့တဲ့ Inya UrbanForce-IUF ရဲ့ လူမှုကွန်ယက်စာမျက်နှာက အသက်ဝင်နေသေးတာကို တွေ့ရပါတယ်။
စက်တင်ဘာနောက်ဆုံးအပတ်လောက်က အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ကို Inya UrbanForce-IUFက လုပ်ကြံခဲ့တာဖြစ်ပြီး စစ်ကောင်စီက လုပ်ကြံသူတွေကို အောက်တိုဘာ ပထမအပတ်လောက်ကလည်းက မိထားတာဖြစ်ပေမယ့် ယခုမှသာ သတင်းထုတ်ပြန်တာဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
သူတို့ထုတ်ပြန်တဲ့အထဲမှာ လူငယ် (၁၀) ဦးပါဝင်ပြီး ဒီလူငယ်တွေဟာ အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူတို့သတ်ဖြတ်ခံရတဲ့ အမှုနဲ့ပတ်သက်သူတွေလို့ ဆိုပါတယ်။’
Inya UrbanForce-IUF ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာထုတ်ပြန်တာမျိုးမရှိသေးဘဲ အောက်တိုဘာ (၉) ရက်မှာ “IUF မှ ပြန်ယူမည်အကြွေး၊ ထောက်ပို့ကူညီ NUGPay”ဆိုတဲ့ ပို့စ်တစ်ခု၊ အောက်တိုဘာ (၁၀) ရက်မှာ ဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သားမက်တို့ရဲ့ ဖုန်းကိုရထားပြီဆိုတဲ့ ပို့စ်တစ်ခု၊ အောက်တိုဘာ (၁၉) ရက်မှာ အင်းစိန်ထောင်ဖောက်ခွဲတာကို ရှုတ်ချတဲ့ပို့စ်နဲ့ အောက်တိုဘာ (၂၇) ရက်မှာ ❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞ဆိုတဲ့ ပို့စ်တွေကို တင်နေခဲ့ပါသေးတယ်။
