နိုဝင်ဘာ ၁၊ The Nation Voice
တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးဖို့ တစ်ခုပြီးတစ်ခု စီစဉ်နေမှာ ဖြစ်တဲ့ စစ်ကောင်စီတပ်ကို နည်းမျိုးစုံနဲ့ ထိခိုက်အောင် လုပ်ဆောင်ကြရမယ်လို့ အမျိုးသားသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုလိုက်တာပါ။
“ကျွန်တော်တို့တော်လှန်ရေးအတွက် ဘယ်အလုပ်ကို လုပ်ဆောင်ရင် ပြည်သူအတွက် အကျိုးရှိမလဲ၊အင်အားဖြစ်စေမလဲ၊ ဘယ်အလုပ်ကို လုပ်ဆောင်ရင် အကြမ်းဖက် စစ်ကောင်စီတွေ အထိနာစေ မလဲ၊ အထိနာတယ် ဆိုရာမှာလည်း ရုပ်ပိုင်းဆိုင်ရာ အထိနာဖို့ လိုအပ်သလို၊ စိတ်ပိုင်းဆိုင်ရာထိခိုက် အောင်လည်း လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက်သမားတွေကို ကျွန်တော်တို့အနေနဲ့လည်း နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမှာ ဖြစ်ပါ တယ်” လို့ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
အထူးသတိပြုရမယ့် ကိစ္စက တော်လှန်ရေးဟာ အချိန်ကြာလာတာနဲ့အမျှ အကြမ်းဖက် စစ်ကောင်စီက အရင်းအမြစ်တွေ အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနိုင်ဖို့ တစ်ခုပြီးတစ်ခု စီစဉ်နေမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားပြီး အဲဒီ အပေါ် တုံ့ပြန်ရမှာတွေ စီစဉ်ရမှာတွေ ရှိတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က တော်လှန်ရေး အင်အားစု တွေ ပေါင်းစပ်လုပ်ဆောင်ကြရတာ ဖြစ်လို့ တစ်ခါတစ်ရံ ပေါင်းစည်းပြီး အတူတကွ တုံ့ပြန် ဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ကြရင်း ကြန့်ကြာတာမျိုးတွေလည်း ရှိပါတယ်။
ဒါတွေအတွက်လည်း လိုအပ်ရင်လိုအပ်သလို ပိုမို ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ ဝန်ကြီးများကို တိုက်တွန်းလိုပါတယ်” လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

