ပုလောမြို့နယ်အတွင်းမှာ ဒေသခံတပ်တွေလုံခြုံရေးယူပေးထားတဲ့ ကျေးရွာအတွင်းကို အကြမ်းဖက်စကစက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်

နိုဝင်ဘာ ၁၊ The Nation Voice

တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)က လုံခြုံရေးယူထားတဲ့ ကျောင်းနိမ့်ကျေးရွာအတွင်းကို အကြမ်းဖက်စကစက မနေ့ကအောက်တိုဘာ(၃၁)ရက်နေ့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Palaw People’s Defence Force က သတင်းထုတ်ပြန်ပါတယ်။

မနေ့က နေ့လည်(၃)နာရီလောက်မှာ ကျောင်းနိမ့်ကျေးရွာအတွင်းကို အကြမ်းဖက်စကစ တပ်ရင်း(၂၅၈)က ဒရုန်းနဲ့ ဗုံးသီး(၆)လုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်

။ တိုက်ခိုက်မှုအတွင်းမှာ PDF ရဲဘော်တွေအပါအဝင် ဒေသခံပြည်သူတွေထိခိုက်မှုမရှိခဲ့ပဲ နေအိမ်တစ်လုံးအနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ အသိပေးထားပြီး ပြည်သူတွေအနေနဲ့လည်း အထူးဂရုစိုက်သွားလာကြဖို့ကို ပုလော(ပကဖ)က တိုက်တွန်းထားပါတယ်။

ပုလောမြို့နယ်အတွင်းမှာ အကြမ်းဖက်စကစတပ်ဟာ ဒေသခံတပ်တွေ လုံခြုံရေးယူထားတဲ့ နေရာတွေကို အောက်တိုဘာ လလယ်ပိုင်းလောက်ကစပြီး ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်ဆောင်လာခဲ့ပါတယ်။

အောက်တိုဘာ(၂၀)ရက်နေ့တုန်းကလည်း ပုလောမြို့နယ်အတွင်းက KPDF စစ်ဆေးရေးဂိတ်တစ်ခုကို အကြမ်းဖက်စကစက ဒရုန်းနဲ့ ဗုံးသီး(၄)လုံးချ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *