အာဏာပြနေတဲ့ စစ်ဆေးရေးဂိတ်ကို C-4 နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

နိုဝင်ဘာ ၁၊ The Nation Voice

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စလင်း-ကံပြားလမ်းဆုံက အကြမ်းဖက် စစ်တပ်နဲ့ ရဲ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း စလင်းတပ်ခွဲက ထုတ်ပြန်ပါတယ်။

အဲဒီဂိတ်မှာရှိတဲ့ စစ်သားနဲ့ ရဲတွေဟာ နေ့စဥ် လမ်းသွားလမ်းလာ ပြည်သူလူထုအပေါ် အကြောင်းမဲ့ ကြမ်းတမ်းတင်းကျပ်စွာစစ်ဆေးတာ၊ ရိုင်းပြစွာ ဆက်ဆံတာ၊ မတရားသဖြင့် ငွေညှစ်တာ၊ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာသွားလာနိုင်မှု အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာတွေကြောင့် အနောက်ပိုင်းတိုင်း (LDF) က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေဖြစ်တဲ့ ပြင်းအားမြင့် C-4 ချိန်ကိုက်မိုင်းတွေကို အောက်တိုဘာ (၃၁) ရက် ညပိုင်းက နေရာချပြီး နိုဝင်ဘာ (၁) ရက် မနက် (၉) နာရီခွဲအချိန်ခန့်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှု့ကြောင့် ဂိတ်မှာရှိတဲ့ အကြမ်းဖက် စစ်သားနဲ့ ရဲ စုစုပေါင်း (၉) ဦးခန့် ဒဏ်ရာပြင်းထန်ကာ အနည်းဆုံး နှစ်ဦးသေဆုံးနိုင်ပြီး ဆိုင်ကယ် နှစ်စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF) အနေနဲ့ မစ်ရှင်တွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးကြဖို့ နှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *