အောင်မြေသာစံမြို့နယ်အတွင်း ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ပဒေသာမိုင်းနဲ့တိုက်ခိုက်ခံရ

နိုဝင်ဘာ ၁၊ The Nation Voice

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်အတွင်း အင်အား(၃၀)ခန့်နဲ့ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတွေကို ဒီကနေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း Generation Z Power- GZP(Mandalay) က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်ပိုင်းက အောင်မြေသာစံမြို့နယ်(၁၂)လမ်း နဲ့(၈၈)လမ်းထောင့်အနီးကို Double cupကား(၁)စီး၊ Faw ကား(၁)စီး၊ရဲကား(၁)စီးတို့နဲ့ကင်းပတ်လာချိန် ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်း(၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှု ကား(၂)စီးမှာရပ်တန့်သွားခဲ့ပြီး အော်ဟစ်သံတွေကြားခဲ့ရကာ အများအပြားထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ GZP(Mandalay)နဲ့အတူ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က အတူပူးပေါင်းလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *