လားရှိုး မြို့တော်ခန်းမ ဖောက်ခွဲတိုက်ခိုက်ခံရ

နိုဝင်ဘာ ၂၊ The Nation Voice

ရှမ်းပြည်နယ်၊လားရှိုးမြို့လယ်ခေါင်က မြို့တော်ခန်းမကို ဒီကနေ့မှာဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က သတင်းထုတ်ပြန်ပါတယ်။

လားရှိုးမြို့လယ်ခေါင်က အချက်အချာကြတဲ့ မြို့‌တော်ခန်းမကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဖောက်ခွဲမှုဖြစ်စဉ်အပြီး အကြမ်းဖက်စကစတပ်တွေက မြို့အနှံ့ပိတ်ပင်စစ်ဆေးတာ၊ နေအိမ်‌တွေအတွင်း အတင်းအဓမ္မ ဝင်ရောက်စစ်ဆေးနေတာတွေကိုလုပ်ဆောင်နေပြီး မဲမဲမြင်ရာ ပတ်ရမ်းတတ်တဲ့ အကြမ်းဖက်စစ်အုပ်စု ဓလေ့ကြောင့် ပြည်သူ‌တွေအပေါ် စိုးရိမ်မိတယ်လို့ (N.S.S.A.A)က ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲ့ဒီဖောက်ခွဲမှုအတွင်းမှာ (N.S.S.A.A)ကရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အခုလ(၄)ရက်နေ့ကစတင်ကာ အကြမ်းဖက်စကစ ဦးစီးကျင်းပမယ့် လားရှိုးတန်ဆောင်တိုင်ပွဲကို ပြည်သူတွေအနေနဲ့ ကျဆုံးသွားတဲ့၊ မပြေလည်သေးတဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ထောက်ထားကာ သွားရောက်ပျော်ပါးမှုတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးမေတ္တာရပ်ခံထားပါတယ်။

အကြမ်းဖက်စကစတပ်သားတွေအနေနဲ့ နေ့ရက်တိုင်းကိုအကြောက်တရားတွေနဲ့ ရှင်သန်ရမှာဖြစ်ပြီး “လားရှိုးတန်ဆောင်တိုင်ပွဲထဲမှာ ငါတို့ရှိနေမယ်”လို့လည်း အသိပေးထုတ်ပြန်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *