ဘားတွေ၊ ကလပ်တွေ တန်ဆောင်မုန်းလပြည့်နေ့အထိ ပွဲလုပ်ရင် နောင်တရမယ်လို့ ပြောက်ကျားအဖွဲ့ သတိပေး
နိုဝင်ဘာ ၂၊ The Nation Voice
မန္တလေးမြို့က ဘားတွေ၊ ကလပ်တွေကို တန်ဆောင်မုန်း လပြည့်နေ့အထိ ပွဲတွေလုပ်ရင်တော့ နောင်တရသွားလိမ့်မယ်လို့ ပြောက်ကျားအဖွဲ့တွေက သတိပေးလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအလိုကျ ပါတီပွဲပြုလုပ်နေတဲ့ မန္တလေးမြို့ရှိ Zeus Pioneer Bar in Bar တွေ Night Club တွေအနေနဲ့ တန်ဆောင်မုန်းလပြည့်အထိ ပွဲတွေ မပြုလုပ်ဖို့အတွက် Anonymous Force MDY နဲ့ မဟာမိတ်တွေက နိုဝင်ဘာ (၁) ရက်မှာ နောက်ဆုံးအကြိမ်အဖြစ် သတိပေးစာထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအလိုကျ တိုင်းပြည်အေးချမ်းနေတဲ့ ပုံစံမျိုး ဖြစ်စေရန် ပါတီပွဲတွေလုပ်ပေးနေတဲ့အတွက် အခုလိုသတိပေးစာ ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်တဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိရင်တော့ နောင်တရနေမယ်လို့ ကျည်ဆံ (၃) တောင့်နဲ့အတူ သတိပေးထားတာ ဖြစ်ပါတယ်။
