အကြမ်းဖက်စစ်တပ်ရဲ့ အယောင်ဆောင်ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ခြင်းနဲ့ တော်လှန်ရေးကို သွေးမအေးကြောင်းပြသကြဖို့ တော်လှန်ရေးအဖွဲ့တွေတိုက်တွန်း

နိုင်ဝင်ဘာ ၂၊ The Nation Voice

အကြမ်းဖက်စစ်တပ်ရဲ့ အယောင်ဆောင်ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ခြင်းနဲ့ တော်လှန်ရေးကို သွေးမအေးကြောင်းပြသကြဖို့ တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့မှာတိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လက်ရှိမှာ ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်လုယူထားပြီး ပြည်သူတွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက်သတ်ဖြတ်နေတာတွေကို လုပ်ဆောင်နေပါတယ်။

အကြမ်းဖက်ပုံရိပ်တွေကို ဖုံးဖိနိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က Non CDMဝန်ထမ်းတွေနဲ့

ပူးပေါင်းပြီးအယောင်ဆောင် ပျော်ပွဲရွှင်ပွဲအဖြစ် ပြင်ဦးလွင် တန် ဆောင်တိုင်မီးပုံးပျံပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ဖို့ အထူးကြိုးပမ်းနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဖော်ပြထားပါတယ်။

ဒါကြောင့် နိုဝင်ဘာလ(၄)ရက်ကနေ (၈) ရက်နေ့အထိ (၅)ရက်တိုင်တိုင်ကျင်းပမယ့် အကြမ်းဖက်စစ်တပ်ရဲ့အယောင်ဆောင် တန်ဆောင်တိုင်ပွဲကို ပြည်သူတွေအနေနဲ့ သွားရောက်လည်ပတ်တာ၊မီးပုံးပျံလွှတ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာ၊အရောင်းပြခန်း၊ဈေးဆိုင်တွေဖွင့်လှစ်တာနဲ့ စီးပွားရေးကြေညာတွေ

အခပေးသွားရောက်ကြေညာပြီး စီးပွားရေးလုပ်ကွက်လေလံဆွဲတာ စတာတွေကို လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

တော်လှန်ရေးမှာ သွေးမအေးကြောင်းပြသရန်နဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ရပ်တည်ကြဖို့ ကိုလည်း တိုက်တွန်းမေတ္တာရပ်ခံထားပါသေးတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *