စစ်ကောင်စီဖမ်းထားတဲ့ပြည်ခရိုင်က PDF ရဲဘော် ၃ဦးထွက်ပြေးလွတ်မြောက်ပြီး တပ်စုမှူးရွှေဥဒေါင်းကျဆုံး၊စစ်ဘေးရှောင်ပြည်သူတစ်ဦးကိုလည်းစစ်တပ်ကသတ်ဖြတ်

နို၀င်ဘာ၃၊ The Nation Voice

ပဲခူးတိုင်း၊ပြည်ခရိုင် ပဲခူးရိုးမ အစပ်အနီးမှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ PDF ရဲဘော်(၄)ဦးထဲက (၃)ဦးထွက်ပြေးလွတ်မြောက်ပီး တပ်စုမှူးရွှေဥဒေါင်းကျဆုံး ခဲ့တယ်လို့ Paungde People Defense Force-PPDF ကမနေ့က ထုတ်ပြန်ပါတယ်။

ပြည်ခရိုင် တပ်ရင်း (၃၆၀၂)တပ်ခွဲ(၄)ရဲ့ တပ်စုမှူးရွှေဥဒေါင်းနဲ့ အဖွဲ့ဟာ အောက်တိုဘာ(၃၁)ရက်နေ့က မိုင်းထောင်သွားစဥ်မှာဖမ်းဆီးခံခဲ့ရတာပါ။

အဲ့ဒီညမှာပဲ စစ်ကောင်စီကင်းတွေအလစ်မှာထွက်ပြေးလာခဲ့ပြီး PDF ရဲဘော်၃ဦးလွတ်မြောက်ကာတပ်စုမှူးရွှေဥဒေါင်း ကတော့ လေးဆယ်ကြို့၀ိုင်းကြို့ပင်တောင်မှာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့်ကျဆုံးခဲ့ပြီးအလောင်းကိုစွန့်ပြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းဟာ နို၀င်ဘာ၁ရက်နေ့မှာ ဖမ်းဆီးလာတဲ့ အသက်၅၂နှစ်အရွယ် လဲပင်ရွာက စစ်ရှောင်ပြည်သူ ဦးဖိုး၀(ခ)ဦးသိန်းဇော် ကို လည်း ကြို့ပင်တောင်မှာပဲထပ်မံသတ်ဖြတ်ခဲ့ပါတယ်။

“ကိုရွှေဥဒေါင်းနဲ့ ဦးဖိုး၀ ရဲ့ အလောင်းတွေကို မနေ့က သယ်ပြီး နေ့လယ်မှာပဲ ကောင်းမွန်စွာ မီးသင်္ဂြိုလ် ပေးခဲ့ပါတယ်”လို့ PPDF ရဲ့တာ၀န်ရှိသူ တစ်ဦးက TNV ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ၂၀၂၂ မတ်လ ၈ရက်နေ့ထဲက ပေါင်းတည်မြို့ လဲပင်ရွာမှာတပ်စွဲနေထိုင်ခဲ့ပြီး နေအိမ်တွေကိုမီးရှို့တာ တိရစ္ဆာန်တွေက်ိုသတ်ဖြတ်စားသောက်တာ ဒေသခံတွေကိုဖမ်းဆီးနှိပ်စက်တာတွေကြောင့် လက်ရှိအချိန်ထိ ထွက်ပြေး နေရတဲ့စစ်ရှောင်ပြည်သူ (၃၀၀)ခန့်အထိရှိလာတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *