ဆားလင်းကြီးနယ်၊ကျားတက်ရဲစခန်းကို ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်

အောက်တိုဘာ ၃၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာအတွင်းက ရဲစခန်းကို နိုဝင်ဘာ(၁)ရက်နေ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဓါးမဆိုင်းတပ်မတော် (D.M.S.A)က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၁)ရက်နေ့ ည(၉)နာရီကျော်လောက်မှာ ကျားတက်ကျေးရွာအတွင်းက ကျားတက်ရဲစခန်းကို ပူးပေါင်းအဖွဲ့တွေက (၆၀)မမ၊ (၈၀)မမ ၊(၁၂၀)မမ စတဲ့ လက်နက်ကြီး‌တွေနဲ့ (၃၂)ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပူးပေါင်းအဖွဲ့တွေရဲ့လက်နက်ကြီး‌ပစ်ခတ်မှုတွေကြောင့် ကျားတက်ရဲစခန်းမတွင်းကို (၁၀)လုံးထက်မနည်း ကျရောက်ရောက်ပေါက်ကွဲခဲ့ပြီး ရဲစခန်းအတွင်းကဘန်ကာတွေအပေါ်(၃)လုံး၊ကျားတက်ရဲစခန်းပတ်ပတ်လည်ကို(၁၀)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“စစ်ခွေး၊ရဲ‌ခွေးများထိခိုက်မူကိုတော့ သတင်းရ‌ယူမူအခတ်ခဲများကြောင့် မသိရှိရသေးပါ။ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ထိခိုက်မှုတစ်စုံတရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြပါသည်။”လို့ (D.M.S.A)က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဓါးမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-(၂၈)နဲ့အတူ အခြားမဟာမိတ်ပူးပေါင်းအဖွဲ့တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

(D.M.S.A)အဖွဲ့ဟာ အောက်တိုဘာ(၂၈) ရက်နေ့ကလည်း ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စကစဘက်က(၃)ဦးသေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *