အောက်တိုဘာ ၃၊ The Nation Voice
မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းမှာ တစ်လကျော်ကြာလှည့်လည်ပြီး ဒေသခံပြည်သူတွေကို လူသတ်၊မီးရှို့လျှက်ရှိတဲ့ ခလရ(၅၀)လက်အောက်ခံစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲတွေအကြိမ်များစွာဖြစ်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်အုပ်စုဘက်က ကျန်ရစ်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ကို ဒေသခံပြည်သူတွေက ရှာဖွေစုဆောင်းပြီး လာရောက်အပ်နှံပေးခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်-YDF (ထီးလင်း)ကသတင်းထုတ်ပြန်ပါတယ်။
YDF (ထီးလင်း)ဆီ ဒေသခံပြည်သူတွေလာရောက်အပ်နှံပေးခဲ့တဲ့ ပစ္စည်းတွေမှာ RPG ကျည်ဖူး (၁) ဖူး၊၆၀မမ ဗုံးသီး(၁) လုံး၊RPG ပို့ကျည် (၂) တောင့်၊ MA ကျည်အတောင့် (၆၀၀)ကျော်၊လက်ထုမိုင်း(၁)လုံးနင်းမိုင်း (၂) လုံး၊ MA ကျည်ဘောက်(၁)ခု၊ကျည်ကာအင်္ကျီ(၂) ထည်၊ကျည်ကာဦးထုပ်(၁)လုံးနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ အသိပေးထားပါတယ်။
အခုလက်ရှိမှာ အကြမ်းဖက်စစ်တပ်နဲ့ YDF(ထီးလင်း)တို့ တိုက်ပွဲတွေ မကြာခနဖြစ်ပွားလျှက်ရှိနေပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများသလို YDF(ထီးလင်း)က ရဲဘော်အချို့လည်း ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
