ကွန်မန်ဒိုသင်တန်းဆင်းပွဲကို တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်

နိုဝင်ဘာ ၃၊ The Nation Voice

တောင်ပိုင်းစစ်ဒေသအတွင်းရှိ တော်လှန်ရေးနယ်မြေတစ်ခုမှာ (၆)လကြာ သင်ကြားလေ့ကျင့်ခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲကို တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေနဲ့ ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းပြီး တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးနယ်မြေတွေမှာအခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်း၊ တောတွင်းပြောက်ကျားသင်တန်း၊ မြို့ပြပြောက်ကျားသင်တန်း၊ အထူးကွန်မန်ဒိုသင်တန်း၊ ခေါင်းဆောင်ငယ်သင်တန်း၊ combat medic သင်တန်း၊ drone သင်တန်း၊ လက်နက်ထုတ်လုပ်မှုသင်တန်း၊ စစ်မြေပြင်သတင်းမှတ်တမ်းရယူခြင်းသင်တန်းတွေကိုပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်ဘက်ဆိုင်ရာသင်တန်းတွေကို မဟာမိတ်အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းတိုင်ပင်ကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပြီး လက်နက်တပ်ဆင်ကာ တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှုဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။

လတ်တလောမှာတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေက မြေပြင်က မဟာမိတ်မဖွဲ့ရသေးတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် သဘောတူညီမှုရရှိထားပါတယ်။

##

Leave a Reply

Your email address will not be published. Required fields are marked *