မွန်ပြည်နယ်အတွင်းက အကြမ်းဖက်စကစရဲ့စစ်ကြောင်းနဲ့ယာဉ်တန်းကို တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်
အောက်တိုဘာ ၃၊ The Nation Voice
မွန်ပြည်နယ်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ယာဉ်တန်းကို နိုဝင်ဘာ(၁)ရက်နေ့က တစ်ရက်ထဲ(၂)ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က (၉)ဦးအထိ သေဆုံးခဲ့တယ်လို့ တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ(၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်လောက်မှာ လမ်းကင်းချဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကား(၂)စီးဟာ သိမ်ဖြူဇရပ်မြို့နယ် ဝဲခမိရွာနဲ့ ရွာသာအေးရွာ အရောက်မှာ ကားပေါ်ကဆင်းပြီး ခြေလျင်ချီတက်လာစဉ် တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စကစဘက်က(၄)ဦးအထိသေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ အဲ့ဒီည(၇)နာရီအချိန်လောက်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့(၆)စီးပါယာဉ်တန်းဟာ သံဖြူဇရပ်မြို့ကနေ ရေးမြို့ဘက်ကိုဖြတ်သန်းသွားလာစဉ်ရွာသာအေးရွာ အရောက်မှာ ခြေလျင်ထပ်မံချီတက်လာခဲ့ပြီး ရွာသာအေးရွာနဲ့ ပိန္နဲတောရွာကြားအရောက်မှာ တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ထပ်မံခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က(၅)ဦးအထိသေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ဟာ အောက်တိုဘာ(၁၆)ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်ရဲ့ (၆)စီးပါယာဉ်တန်းကို သံဖြူဇရပ်မြို့နယ် ရွာသာအေးရွာနဲ့ ပိန္နဲတောရွာအကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်
