အိမ်တိုင်းဘုရားစင် မပျောက်ဖို့ စစ်တပ်ကအာဏာသိမ်းတာလို့ ကြံ့ဖွံ့ဥက္ကဌသစ် ခင်ရီ ပြော

နိုဝင်ဘာ ၄၊ The Nation Voice

စစ်ခေါင်းဆောင် တင်မြှောက်ထားတဲ့ ကြံ့ဖွံ့ဥက္ကဋ္ဌသစ် ခင်ရီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုအပြင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေးနဲ့ အိမ်တိုင်းမှာ ဘုရားစင် မပျောက်ရေးအတွက် စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်တယ်လို့ ခင်ရီက ကြံ့ဖွံ့ပါတီဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ (၃) ရက်က နေပြည်တော်၊ တပ်ကုန်းမှာ ကျင်းပပြုလုပ်တဲ့ ကြံ့ဖွံ့ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ကြံ့ဖွံ့ခင်ရီက အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ စစ်တပ်က အာဏာရယူထားတာဟာ ရွေးကောက်ပွဲ မဲသမာမှုကြောင့်ဖြစ်ပြီး အတိတ်ကာလ အမျိုး ဘာသာ သာသနာအပေါ် ဖိနှိပ်မှုတွေကို တန်ပြန်အရေးယူဆောင်ရွက်ခြင်းမရှိဘဲ၊ အကယ်၍ ယနေ့ အခြေအနေ မဖြစ်ပေါ်ခဲ့လျှင် အိမ်တိုင်းတွင် ဘုရားစင် ရှိတော့မည်မဟုတ်ဘူးလို့ ခင်ရီက ဆိုပါတယ်။

” မဟုတ်ရင် ဒီအချိန် ခင်ဗျားတို့အိမ်မှာ ဘုရားစင်တောင် ရှိမှာမဟုတ်ဘူး။ အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ အမျိုးသားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ။ အမျိုးသားရေး သီချင်းက ခေတ်မီတော့ဘူးလို့ ပြောနေတဲ့သူတွေ။ ကနေ့ ဒီလိုအခြေအနေတွေကြောင့် ဒါတွေလုပ်ရတယ် ” လို့ ကြံ့ဖွံ့ခင်ရီက ပြောဆိုပါတယ်။

ခင်ရီဟာ NLD အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ စစ်တပ် အာဏာသိမ်းရေး ကြိုးပမ်းခဲ့သူဖြစ်ကာ လက်ရှိ ကြံ့ဖွံ့ ဥက္ကဋ္ဌ ဖြစ်လာချိန်မှာလည်း အမျိုး ဘာသာ သာသနာနဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒီတွေကို ရှေ့တန်းတင် တစ်ကျော့ပြန် ဟောပြောလာတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *