စစ်ကောင်စီနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့တဲ့ ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လွတ်လာ
နိုဝင်ဘာ ၄၊ The Nation Voice
နွေဦးတော်လှန်ရေးအစမှာ စစ်ကောင်စီနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့တဲ့ လူငယ် ဗေဒင်ဆရာ လင်းညို့တာရာဟာ ဒီနေ့မနက်ပိုင်းက ပြန်လည် လွတ်မြောက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
သူပြန်လွတ်လာပြီဆိုတဲ့အကြောင်းကို သူ့ရဲ့မိတ်ဆွေတစ်ဦးက “ လင်းညို့တာရာ ပြန်လွတ်လာပါပြီနော် ဒီနေ့မနက်ပဲ ပျော်လွန်းလို့ ခြေလက်တွေပါတုန်တယ်” ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားအသိပေးခဲ့တာ ဖြစ်ပါတယ် ။
လင်းညှို့တာရာဟာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဗေဒင်ဆရာ လင်းညို့တာရာ ဖမ်းဆီးခံရတဲ့ အချိန်ကလည်း ပြည်သူတွေက တောင်ဥက္ကလာပ ရဲစခန်းရှေ့ကို သွားဝိုင်းကာအခြေအတင်ဖြစ်ပေါ်ပြီး ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
သူဟာ နွေဦးတော်လှန်ရေးအစမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် အခြေခံဟောချက် (၁၇) ချက်ကို ထုတ်ပြန်ခဲ့ပြီး အချက်အချို့ဟာ မှန်ကန်နေတဲ့အတွက် ပြည်သူတွေအကြား သတင်းကြီးခဲ့ပါတယ်။
လက်ရှိမှာ သူဟောပြောချက်တွေထဲက အချက်တချို့ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူသေမှုတွေနဲ့ ဒုစရိုက်မှုတွေ ပိုများလာမယ်လို့ ပြောဆိုတဲ့အချက်တွေဟာ အခုအထိ မှန်ကန်နေပါသေးတယ်။
