စိုင်ပြင်မြို့က အကြမ်းဖက်စစ်တပ် လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး (၂၀)ဦးခန့်သေဆုံး

နိုဝင်ဘာ ၄၊ The Nation Voice

စစ်ကိုင်းတိုင်း၊စိုင်ပြင်မြို့က အကြမ်းဖက်စစ်တပ်ကို ‌နိုဝင်ဘာ(၂)ရက်နေ့က လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၂၂)က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂)ရက်နေ့ နေ့လည်(၂)နာရီကျော်‌လောက်မှာ စိုင်ပြင်မြို့က အကြမ်းဖက်စစ်တပ်ရှိရာနေရာကို (၆၀)မမလက်နက်ကြီး အပြင် ဒရုန်းနဲ့ ဗုံးသီး(၄)လုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်တပ်ဘက်က (၂၀)ဦးအထိသေဆုံးခဲ့ပြီး (၈)ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအတိအကျရရှိတယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုခရိုင်တပ်ရင်း(၂၂) တပ်ခွဲ(၃)နဲ့ တပ်ခွဲ(၄)တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိအောင်မြင်စွာပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း(၂၂)ဟာ ဖွဲ့စည်းတည်ထောင်တာဟာ (၁၀)လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး NUG,MOD တို့က ထောက်ပံ့တဲ့လက်နက်ခဲယမ်းတွေ မရရှိသေးပဲကိုယ်ထူကိုယ်ထ လက်နက်ခဲယမ်းတွေနဲ့သာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေရပြီး အခက်အခဲအချို့ရှိနေတာကြောင့် လက်ရှိမြေပြင်မှာ အမှန်တကယ်တိုက်ပွဲဝင်နေတဲ့ တပ်ရင်းတွေကို လက်နက်ခဲယမ်းတွေ ချပေးဖို့တောင်းဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ပြီးဆုံးဖို့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *