နိုဝင်ဘာ ၅၊ The Nation Voice
ကျဆုံးရဲဘော်တွေအတွက် လက်စားချေတဲ့အနေနဲ့ ကျောက်စရစ်ကန်နဲ့ သစ်ပင်ကြီးရွာသွားလမ်းမှ စစ်ကောင်စီတပ်ကင်းပုန်းတွေကို အီနာဂါဗုံးသီးချပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း၊ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ (၅)ရက်၊ မနက် (၁၀) နာရီခွဲက မြိုင် (ပကဖ) တပ်ရင်း – ၁ မှ ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်နဲ့ မြိုင်နယ် သစ်ပင်ကြီးရွာသွားလမ်းတွင် စစ်တပ်နဲ့ ပျူစောထီးတွေ ကင်းပုန်းဝပ်နေတဲ့ နေရာအား အီနာဂါ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ၄င်းတို့မှ ကားဖြင့်လာရောက်ပစ် သဖြင့် မိမိဘက်မှအသင့်ပြန်လည်တိုက်ခိုက်ရာ ခွေး (၃) ကောင်ကျည် ထိမှန်သွားပြီး ပျူအကြီးစားခေါင်းဆောင် မင်းဇော်ဦး သေး နိုင်ကြောင်း မြင်တွေ့ခဲ့ပါသည် ” လို့ ဖော်ပြပါတယ်။ ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတစ်လုံးသိမ်းဆည်းရရှိခဲ့ပြီး ကျဆုံး ရဲဘော်ငါးဦးအတွက် လက်စားချေတဲ့အနေနဲ့ ခုလိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁)ရက်က မြိုင်နယ် ကျောက်ခွက်ရေနံမြေစခန်းဝန်းကျင်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ် စစ်ကောင်စီတပ်ကင်းပုန်းတွေ ပစ်ခတ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့ပါတယ်။
