နိုဝင်ဘာ ၅၊ The Nation Voice
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် တကောင်းလမ်းဆုံ ရဲကင်းစစ်ဆေးရေးဂိတ်ကို ဒီကနေ့ အောက်တိုဘာ(၅)ရက် မနက်ပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်လာပါတယ်။
တကောင်းလမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက်(၉)နာရီဝန်းကျင်လောက်မှာ ပဒေသာမိုင်း(၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်တပ်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“မဖော်ပြလိုသောအကြောင်းရာအချို့ကြောင့် စကစများအထိခိုက်မရှိဖြစ်သွားခဲ့ရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။”လို့ ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုလိုက်နာလေးစားပြီး အကြမ်းဖက်စကစအဖွဲ့ဝင်တွေနဲ့ အနီးကပ်သွားလာလှုပ်ရှားမှုတွေကို မပြုလုပ်ကြဖို့ကို အသိပေးထားပါတယ်။
ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ PDF သတင်းပေး ပျူ၊ဒလန်တွေကို ရှင်းလင်းသုတ်သင်တာ အကြမ်းဖက်စကစရဲ့ယာဉ်တန်းတွေကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
