ပုသိမ်မြို့က အထူးစုံစမ်းစစ်ဆေးရေးဌာန(စသုံးလုံး)ရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

နိုဝင်ဘာ ၅၊ The Nation Voice

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်က အထူးစုံစမ်းစစ်ဆေးရေးဌာန(စသုံးလုံး)ရုံးကို ဒီကနေ့မှာ “နန်းထိုက်အောက်စစ်ဆင်ရေး”အနေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ် မြို့ပြပြောက်ကြားတပ်ဖွဲ့ (PSTF)က သတင်းထုတ်ပြန်ပါတယ်။

ဒီရုံးဟာ ပုသိမ်မြို့၊မြတ်တိုရုံးပေါင်းစုံလမ်း၊ခရိုင်မြို့နယ်တရားရုံးဘေး၊ရဲစခန်းရှေ့‌နားမှာရှိတာပါ။ အထူးစုံစမ်းစစ်ဆေးရေးဌာန(စသုံးလုံး)ရုံးကို ပူးပေါင်းအဖွဲ့တွေဘက်ကဒီကနေ့ နေ့လည်(၁၂)နာရီကျော်က အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်ပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု‌အခြေအနေကိုအတိအကျမသိရသေးပဲ စစ်ကားတွေနဲ့ရောက်ရှိလာကာ စစ်ဆေးလျှက်ရှိကြောင်း သိရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ”နန်းထိုက်အောင်စစ်ဆင်ရေး” ရဲ့တတိယအကြိမ် မစ်ရှင်အဖြစ် ပုသိမ် မြို့ပြပြောက်ကြားတပ်ဖွဲ့ (PSTF)နဲ့ ကန်ကြီးထောင့် (ပကဖ)တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ပုသိမ်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ဒေါက်တိုင်တွေကို နေ့၊ညခွဲခြားခြင်းမပြုတော့ပဲ ပြောက်ကြားနည်းနဲ့ တိုက်ခိုက်သွားတော့မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ စာတွေကို အထူးသတိပြုလိုက်နာကြရန် PSTF ကအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *