မြင်းမူနယ်၊တောချောင်းဦးကျေးရွာရဲကင်းစခန်း ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရ

အောက်တိုဘာ ၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊မြင်းမြူမြို့နယ်၊တောချောင်းဦးကျေးရွာ ရဲကင်းစခန်းကို မနေ့က နိုဝင်ဘာ(၄)ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Nway Oo Takhon PDF က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက်(၁၀)နာရီလောက်မှာ တောချောင်းဦးကျေးရွာရဲကင်းစခန်းကို ပူးပေါင်းအဖွဲ့တွေက “ဒရုန်းစစ်ဆင်ရေး”အဖြစ် အီနာဂါ(၂)လုံးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျမသိ‌ရသေးဘူးလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်ခိုက်မှုကိုတော့ Nway Oo Takhon PDF နဲ့အတူ Zamani Revolution force (MMU) Myaung

၊ဒေါင်းဖိုက်တာ MMU PDF တပ်တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

Nway Oo Takhon PDF အဖွဲ့အနေနဲ့ အခြေအနေအချို့ကြောင့် အချို့တိုက်ပွဲသတင်းတွေကို မထုတ်ပြန်နိုင်သေးပေမဲ့ မဟာမိတ်တပ်တွေနဲ့အတူပူးပေါင်းပြီး တိုက်ပွဲတွေဖော်ဆောင်နေကြောင်းကို နိုဝင်ဘာ(၄)ရက်နေ့က အသိပေးပြောဆိုထားပါတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *