စစ်ကူလာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ရှစ်ဦးထက်မနည်းသေ

နိုဝင်ဘာ ၆၊ The Nation Voice

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ဟာ ပဝတ်ကုန်းကျေးရွာက စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာ (၄) ရက်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Palaw People’s Defence Force က ထုတ်ပြန်ပါတယ်။

လက္ကူးကျေးရွာဘက်မှ တိုရွာကို စစ်ကူလာတဲ့စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ပိတပ်ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဖြစ်စဉ်တွေမှာ အကြမ်းဖက်စစ်သား (၈) ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်က အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲအတွင်း အပြစ်မဲ့ ပြည်သူ (၂၀) ဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် အပြစ်မဲ့ ပြည်သူ (၈) ဦးထိခိုက်ဒဏ်ရာရကာ တစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားလာပါက ဘေးလွတ်ရာသို့ အချိန်မှီ ရှောင်ရှားကြပါဖို့၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ တိုက်ပွဲ အတွင်း ပြုမှုနေထိုင် ရမယ့် နည်းလမ်းတွေကို လိုက်နာကြပါဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *