ဈေးလာဝယ်တဲ့ စစ်သား နှစ်ဦးကို ပစ်သတ်ပြီး လက်နက်တွေ သိမ်းဆည်း
နိုဝင်ဘာ ၆၊ The Nation Voice
ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ သံမိုးတောင်ကျေးရွာ၊ ပိန္သီလာ လမ်းခွဲ မှာ ကင်းလှည့် စျေးဝယ်ထွက်လာတဲ့ စစ်သား နှစ်ဦးကို ပစ်သတ် ရှင်းလင်းလိုက်တယ်လို့ People Defence Force Thandaung က ထုတ်ပြန်ပါတယ်။
မနေ့က အဲဒီစစ်သား နှစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပြီး နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကာ သူတို့ဆီကနေ သေနတ် နှစ်လက်နဲ့အတူ ကျည် (၂၅) တောင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် လက်ပါးစေတွေအနေနဲ့ ဒီဖြစ်ရပ်ကို နမူနာယူပြီး နောင်တရပြောင်းလဲဖို့ သတိပေးလိုပြီး မိဘပြည်သူများအနေဖြင့်လည်း သွားသတိလာသတိဖြင့် အရိပ်အခြေအနေ အမြဲမပြတ် စောင့်ကြည့်လေ့လာကြပါဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေမပါပဲ တစ်ဦးတည်း အပြင်မထွက်ဝံ့တော့သလို တပ်ပြင်ပကို တဦးတည်းသွားလာတာတွေပြုလုပ်လို့ အသက်အန္တရာယ်ထိခိုက်လာရင်လည်း တာဝန်မယူဘူးလို့ အကြမ်းဖက်စစ်ကောင်စီတပ်က ပြောဆိုထားပါတယ်။

