KNDF B-14 တပ်ခွဲ(၁)က အကြမ်းဖက်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲတွေအတွက် စနိုက်ပါတစ်လက် အထူးလိုအပ်နေ

နိုဝင်ဘာ ၆၊ The Nation Voice

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ်(၁၄) တပ်ခွဲ(၁)က အကြမ်းဖက်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲအတွင်းမှာ စနိုက်ပါမရှိတာကြောင့် မြန်မာငွေသိန်း(၃၅၀)တန် 308 sniper (စနိုက်ပါ)တစ်လက် အထူးလိုအပ်နေကြောင်း ဒီကနေ့မှာ အသိပေးလာပါတယ်။

KNDF B-14 တပ်ခွဲ(၁)အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် (၂၀၂၁) ခုနှစ် ၊ဇွန်လ ကစပြီး ဒီကနေ့အချိန်ကာလအထိ တိုက်ပွဲတွေဝင်ရောက် တိုက်ခိုက်နေလျှက် ရှိပါတယ်။

အဲ့ဒီလို တိုက်ပွဲကာလတွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ မစ်ရှင်တွေမှာ KNDF B-14 တပ်ခွဲ(၁)အနေနဲ့ စနိုက်ပါ မရှိတာကြောင့် အခွင့်အရေးအချို့ လက်လွတ်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူ့အောင်နိုင်ရေးတိုက်ပွဲတွေမှာ အောင်မြင်နိုင်ဖို့အတွက် ကရင်နီပြည်နဲ့အတူရပ်တည်ကာ (Sniper 308 – Ruger Persiclon Rifle )ရရှိနိုင်ရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်တွေအနေနဲ့ ကူညီပံ့ပိုးပေးကြဖို့ကို KNDF B-14 တပ်ခွဲ(၁)က အကူအညီတောင်းခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *