နိုဝင်ဘာ ၇၊ The Nation Voice
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် အကြမ်းဖက်စကစ ခလရ(၂၈၄)မှာတာဝန်ထမ်းဆောင်နေတဲ့ တပ်သား(၁)ဦး မနေ့က နိုဝင်ဘာ(၆)ရက်နေ့မှာ သေနတ်(၂)လက်နဲ့အတူ ပူးပေါင်း CDM ပြုလုပ်လာခဲ့တယ်လို့ နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)က ဒီကနေ့မှာအသိပေးပါတယ်။
ခလရ(၂၈၄)က CDM ပြုလုပ်လာတဲ့တပ်သား ရဲနိုင်သွေးဆိုသူဟာ MA1(၁)လက်၊ MA2(၁)လက် ၊ကျည်ဘောက်( ၄)ခု၊ကျည်အတောင့်(၂၄၀)၊ လက်ပစ်ပုံး (၃)လုံး၊အီနာဂါ (၄)လုံး၊၄၀မမ (၁)လုံး၊အီကွေ့မန့် ကျည်ကာအကျီ (၁)စုံတို့နဲ့အတူ KNLA တပ်ရင်း(၁၇)၊တပ်ခွဲ(၂)နဲ့ နဂါးနီစစ်ကြောင်း တပ်ခွဲ(၂)တို့ဆီ CDMပြုလုပ်လာခဲ့တာလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စကစတပ်သားတွေအနေနဲ့အမြန်ဆုံး ပူးပေါင်း CDM ပြုလုပ်ကြဖို့ နဂါးနီစစ်ကြောင်းတပ်ခွဲ(၂)က တိုက်တွန်းထားကာ သေနတ်(၁)လက်နဲ့အတူ CDM ပြုလုပ်လာတဲ့ စစ်သားတစ်ဦးကို သိန်း(၅၀)ဆုချီးမြှင့် မှာဖြစ်ပြီး ဘဝရပ်တည်ရေးအတွက်လဲ ကူညီပေးသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။
အောက်တိုဘာ(၂၉)ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စကစတပ်က တပ်သား(၅)ဦး နဂါးနီစစ်ကြောင်းတပ်ခွဲ(၂)ဆီ CDM ပြုလုပ်လာခဲ့ပါသေးတယ်။

