မန္တလေးမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ် ထောက်ပို့ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

နိုဝင်ဘာ ၇၊ The Nation Voice

မန္တလေးမြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို မနေ့က နိုဝင်ဘာ(၆)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Generation Z Power -GZP ( Mandalay) ကဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက်(၉)နာရီအချိန်လောက်မှာ မန္တလေးမြို့နယ် ထုံးဘို မင်္ဂလာတံတားအနီးဖြတ်သန်းသွားလာနေတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ပဒေသာမိုင်း(၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က စစ်သား(၄)ဦးပါ ယာဉ်(၁)စီး မိုင်းထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား(၂)ဦး ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Generation Z Power -GZP ( Mandalay)နဲ့အတူ ပုသိမ်ကြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

GZP ( Mandalay)အဖွဲ့ဟာ နိုဝင်ဘာ(၁)ရက်နေ့တုန်းကလည်း မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်အတွင်း ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပဒေသာမိုင်း(၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *