မိုး‌ဗြဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းဝယ်သူတွေကို PDF တွေကဖမ်းဆီးအရေးယူ

နိုဝင်ဘာ ၇၊ The Nation Voice

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ်မှာ (WY)မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းဝယ်သူတွေကို နိုဝင်ဘာ(၃)ရက်နေ့က သွားရောက်ဖမ်းဆီးအရေးယူခဲ့ကြောင်း MBPDF တပ်ရင်း(၂)က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၃)ရက်နေ့က အရပ်သားပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ မိုးဗြဲမြို့ ဒေသတွင်းတစ်နေရာမှာ ကျေးရွာ‌နေလူကြီးတွေနဲ့ပူးပေါင်းကာ MOBYE တပ်ရင်း (၂) , KNDF B-03 တို့က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို သွားရောက်စစ်ဆေးခဲ့ရာ ဆေးပြား အလုံးရေ (၁၁၂၀၀)ကျော်တွေ့ရှိခဲ့တာကြောင့် ဖမ်းစီးအရေးယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို နေရာမှာတင် မီးရှို့ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်၊တင်သွင်းသူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းသွားမယ်လို့ အသိပေးထားပါတယ်။

တပ်ရင်းအမှတ် (၁၀၀၇)MOBYE တပ်ရင်း(၂)အနေနဲ့ စစ်အာဏာရှင်ကိုတော်လှန်ရုံသာမက လူကိုအညွှန့်တုံးစေတဲ့ မူးယစ်ဆေးပြား(WY)ဆေးပြားတွေကိုလည်း တိုက်ဖျက်နိုင်ဖို့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်လို့ ထုတ်ပြန်မှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *