မန္တလေးက ဆောက်လုပ်ရေးကုမ္ပဏီကို လူနှစ်ဦးက ဓားပြတိုက် ၊ ကျပ်သိန်း ၃၂၀ နဲ့ ဖုန်း နှစ်လုံးပါသွား

မင်းအောင်လှိုင်ပြောသမျှ ဆက်တိုက်ဖြစ်နေ

နိုဝင်ဘာ ၇၊ The Nation Voice

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ၊ငွေတော်ကြည်ကုန်းရပ်ကွက်က ဆောက်လုပ်ရေးကုမ္ပဏီ ရုံးခန်း ကို နိုဝင်ဘာ (၆) ရက် နေ့ခင်းပိုင်းက ဓားပြတိုက် ခံလိုက်ရပါတယ်။

ဖြစ်စဉ်မှာ အဲဒီရုံးခန်းကို လူ နှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ထုတ် ဓားပြတိုက်သွားတာလို့ မြို့ခံတွေကပြောပါတယ်။

ဓားပြတိုက်သွားတဲ့ CCTV ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ငွေကျပ် သိန်း ၃၂၀ နဲ့ ဖုန်း နှစ်လုံးပါသွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့လူစည်ကားရာ မြို့လယ်ခေါင်မှာရှိတဲ့ ‌အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ခုကို ဓါးကိုင်ထားတဲ့ လူသုံးဦးက ဝင်ရောက် အနုကြမ်းစီးခဲ့တာကြောင့် ငွေကျပ် သိန်း (၁၅၀) နဲ့ ကားတစ်စီးပါသွားပြီး ကားကိုတော့ပြန်လည်တွေ့ရှိခဲ့ပါတယ်။

အခုလိုဖြစ်ရပ်တွေဟာ မင်းအောင်လှိုင်က တရားဥပဒေစိုးမိုးမှုမရှိရင် လုံခြုံမှုမရှိတာကြောင့် လူချမ်းသာတွေ အထုတ်ပိုက်ပြီး ကင်းစောင့်အိပ်ရတော့မယ်လို့ ပြောဆိုပြီးနောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

စစ်တပ်လော်ဘီတွေကတော့ ရာဇဝတ်မှုတစ်ခုခုဖြစ်တိုင်း PDF တွေလုပ်တာလို့ပဲ ခေါင်းစဉ်တပ်ပြီး နာမည်ဖျက်နေရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *