မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးကို ဒေသခံတပ်တွေက ရက်အကန့်အသတ်မရှိပိတ်

နိုဝင်ဘာ ၈၊ The Nation Voice

တနင်္သာရီတိုင်း၊မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးကို ဒီကနေ့ နိုဝင်ဘာ(၈)ရက်နေ့က စပြီး နောက်ထပ်ကြေညာချက် မထုတ်ခင်အချိန်ထိ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံမဟာမိတ်တပ်ပေါင်းစုတွေက အသိပေးထုတ်ပြန်လိုက်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ အခုလိုထုတ်ပြန်ရတာဟာ ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးကို ရှေးရှုကာ သတိပေးချက်ထုတ်ပြန်ရတာဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိရင် မိမိတာဝန်သာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဒေသခံတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ မကြာခနဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျှက် ရှိနေပါတယ်။ တိုက်ပွဲဖြစ်စဉ် ကာလတွေအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးပြီး လူသားတံတိုင်းသဖွယ်ပြုလုပ်တာ ခရီးသွားပြည်သူတွေရဲ့ ယာဉ်၊ကားတွေကြားမှာ ကပ်လိုက်ပြီး စစ်ကူပေးတာတွေကို လုပ်ဆောင်လျှက်ရှိနေပါတယ်။ နိုဝင်ဘာ(၅)ရက်‌နေ့တုန်းကလည်း မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ အကြမ်းဖက် စကစလက်အောက်ခံ ခမရ(၅၆၀)နဲ့ ဒေသခံပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ – မြိတ်-ထားဝယ်ကားလမ်းမကြီး ပုံဟောင်း

Leave a Reply

Your email address will not be published. Required fields are marked *