အကြမ်းဖက်စစ်တပ်ကဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေကိုအသိအမှတ်ပြုမှာမဟုတ်ဘဲ PDF တွေအပေါ်အမည်အလွှဲသုံးစားပြုလုပ်နေမှု‌တွေကို တာဝန်ခံမယ်လို့ဆို

နိုဝင်ဘာ ၉၊ The Nation Voice

ဖယ်ခုံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေကို အသိမှတ်ပြုမှာမဟုတ်ပဲ PDF တွေအပေါ်အမည်အလွှဲသုံးစားပြုလုပ်နေမှု‌‌တွေကို တာဝန်ခံရမယ်လို့ ဒေသခံတပ်တွေက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဖယ်ခုံမြို့နယ်၊ နန်းဟူးရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်း (ယခင် အ.မ.က (၇) ကျောင်း) မှာ အကြမ်းဖက်စစ်တပ်ရဲ့Non-CDMတွေက ဦးဆောင်ဖွင့်လှစ်နေတဲ့အပေါ် ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစု တစ်ရပ်လုံး အနေနဲ့ လုံးဝ (လုံးဝ) အသိအမှတ်မပြုကြောင်း သတိပေးထားပါတယ်။

အဲ့ဒီလိုကျောင်းတွေဖွင့်လှစ်ရာမှာ စည်းရုံးသိမ်းသွင်းခဲ့သူတွေဟာ ဖယ်ခုံမြို့နယ် တော်လှန်ရေးအင်အားစုတွေက သက်ဆိုင်ရာ တပ်ရင်းမှူး‌တွေနဲ့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း ပြည်သူတွေကို မှားယွင်းစွာ သတင်းပေးခဲ့ပြီး ဒီအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အခုလက်ရှိမှာ ဒေသခံတပ်တွေအနေနဲ့ ဒီအမည်အလွဲသုံးစားလုပ်မှု လုပ်ရပ်မှာပါဝင်တဲ့အကြမ်းဖက်စစ်တပ် ဘက်တော်သားတွေကို ထပ်မံအတည်ပြုစီစစ်လျှက်ရှိ‌နေပြီး အရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကဖွင့်လှစ်တဲ့ ကျောင်း‌တွေက‌နေပြီးမြောက်‌အောင်မြင်လာမယ့် ကျောင်းသား/ ကျောင်းသူ‌ တွေကို တော်လှန်ရေးကာလအလွန်မှာအသိအမှတ်ပြုမှာမဟုတ်ပဲ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပညာအရည်အချင်း စစ်ဆေးအကဲဖြတ်မှုဖြင့် အောင်မြင်သူ‌တွေကိုသာ အသိအမှတ်ပြုသွားမယ်လို့ အသိပေးထားပါသေးတယ်။

အဲ့ဒီသတိပေးထုတ်ပြန်ချက်ကိုတော့ (၁၀၀၁) မိုးဗြဲ တပ်ရင်း(၁)၊တပ်ရင်း(၂)၊ (၁၀၀၂)ဖယ်ခုံ တပ်ရင်း(၁)၊တပ်ရင်း(၂)နဲ့ ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့တို့က အတူပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပုံအဟောင်းအသုံပြုထားခြင်းဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *