နိုဝင်ဘာ ၁၁၊ The Nation Voice
မကွေးတိုင်း၊ပခုက္ကူနယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒေါက်တိုင် ဒလန်၊သတင်းပေးတွေကို သတင်းအချက်အလက်တိကျ၊ခိုင်မာအောင် စုံစမ်းပြီးမှသာ ရုင်းလင်းသွားမှာကို ဒေသခံတပ်ဖွဲ့(၉)ဖွဲ့က သဘော တူညီထားပြီးဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
ပခုက္ကူနယ်ထဲက ဒေသခံတော်လှန်ရေးတပ်ဖွဲ့(၉)ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းစဉ်၊ မူဝါတွေနဲ့အညီ မြို့နယ်အတွင်းစစ်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြို့နယ်(ပကဖ)နဲ့အတူ ရပ်တည်ကာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သား၊ရဲ၊ပျူတွေကို အဓိကထားရှင်းလင်းသွားမှာဖြစ်ပြီး ဒလန်၊သတင်းပေးနဲ့ Non-CDM ဝန်ထမ်းတွေကိုတော့ အချက်အလက်တိကျ ခိုင်မာမှသာ ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
သတင်းအချက်အလက်တိကျ ခိုင်မာခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တာလုံးဝမရှိတဲ့ ပြည်သူတွေကို အကြမ်းဖက်တာတွေမပြုလုပ်ကြဖို့သဘောတူညီထားကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်ကို Pakokku People Defence Force(PPDF)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)တပ်ခွဲ၊တပ်ဖွဲ့(၂)၊ Young Force UG ၊ Earthquare’s People’s Defence Force ၊ RSO(PKU) ၊ PKU N PDF ၊ PKU Ranger ၊ Black Cobra Force နဲ့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) တို့က သဘောတူညီထားတာ ဖြစ်ပါတယ်။
