မြင်းမူစီးပွါးရေးဘဏ်မှာ ကင်းစောင့်ရင်းအိပ်နေတဲ့ အကြမ်းဖက်စစ်သား ရှစ်ဦး လက်ပစ်ဗုံးနဲ့ အပစ်ခံရလို့ ငါးဦးသေ

နိုဝင်ဘာ ၁၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ကင်းစောင့်ရင်း အိပ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ တပ်ရင်း ၇) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် (၅) နာရီခန့်က မြင်းမူ စီးပွားရေးဘဏ်မှာ ကင်းစောင့်ရင်းနဲ့ အိပ်နေတဲ့ အကြမ်းဖက်စစ်သား ရှစ်ဦးကို လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခဲ့တာကြောင့် ငါးဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးပစ်ခံရပြီး ကြောက်လန့်သွားတဲ့ ကျန်တဲ့စစ်သားတွေက သေနတ်နဲ့ အချက်သုံးဆယ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ -တပ်ရင်း ၇ )နဲ့ TRUE FIGHTER ( တပ်ခွဲ ၃ ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *