အဖမ်းခံလိုက်ရတဲ့ ဒုတပ်ရင်းမှူးရဲ့ မိန်းမကို ကွန်မန်ဒိုတွေက ပြန်ကယ်နိုင်ခဲ့တယ်လို့ စစ်တပ်က ရုပ်ရှင်ဆန်ဆန်ဝါဒဖြန့်

နိုဝင်ဘာ ၁၁၊ The Nation Voice

PDF တွေ ဖမ်းဆီးသွားတဲ့ ခလရ (၄၈) က ဒုတပ်ရင်းမှူးရဲ့ မိန်းမဖြစ်သူ ဟန်နွေဦးကို ကွန်မန်ဒိုအဖွဲ့က ပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ရုပ်ရှင်ဆန်ဆန် ဝါဒဖြန့် ထုတ်လွှင့်ခဲ့ပါတယ်။

မနေ့က ပခုက္ကူမြို့နယ်ထဲက ကုန်စုံဆိုင်တစ်ခုမှာ ဈေးလာဝယ်တဲ့ ဒုတပ်ရင်းမှူးရဲ့မိန်းမ ဟန်နွေဦးကို အမည်မသိ လူသုံးဦးက ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုလို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

အဲဒီလို အဖမ်းခံခဲ့ရတဲ့အတွက် နေရာအတိအကျဖော်ပြထားခြင်းမရှိဘဲ ရဟတ်ယာဉ်နှစ်စီးနဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက သွားရောက်ကယ်တင်ခဲ့တာကြောင့် အသက်ရှင်လျက် ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့လည်း စစ်တပ်လော်ဘီတွေက ပြောဆိုနေကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီး ညီသုတက “သူတို့စာထဲမှာတော့ အရပ်သားပြည်သူကို သူတို့က ကယ်တဲ့ပုံစံရေးထားတာ။ AA ဆီ ရောက်နေတဲ့ သူ့စစ်သား သုံ့ပန်းတွေကို AA က လာခေါ်ပါ ၊ ပြန်ယူပါဆိုတာတောင် မခေါ်ဘူး။ ဒုရင်းမှူးကတော်ကြမှ ပြန်ကယ်တယ်ဆိုတော့ အဖမ်းခံရတဲ့ စစ်သားတွေအတွက် ရေစက်ချပေးရုံပဲ ရှိတော့တာပေါ့။ မင်းတို့ဘဝကလည်း ရင်နာစရာကောင်းလိုက်တာ ” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဒုတပ်ရင်းမှူးမိန်းမကို အကြမ်းဖက်စစ်တပ်က ပြန်လည်ကယ်ထုတ်နိုင်ပြီလို့ သတင်းထုတ်ပြန်ထားပေမယ့် လက်ရှိအချိန်မှာတော့ သူမရဲ့သတင်းအစအနကိုတောင် မရရှိသေးဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *