နိုဝင်ဘာ ၁၄၊ The Nation Voice
ကရင့်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)နယ်မြေ၊ မြဝတီ – ဝေါ်လေလမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ ညောင်ချောင်းနယ်မြေ ကို စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံ၊ နည်းဗျူဟာ (၄၄၁) ရဲ့ တိုက်ခိုက်ရေး တပ်ရင်း ခလရ (၂၀၇)၊ ခမရ(၁၀၂) က လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
မနေ့ မနက်အစောပိုင်း (၃) နာရီမှစ၍ ညနေ (၅) နာရီအထိ ၁၂၀ မမ၊ ၈၁ မမ စတဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ထိုးစစ်ဆင်ပြီး အကြမ်းဖက်စစ်တပ်က ဝင်ရောက်ကျူးကျော်ဖို့ ကြိုးစားခဲ့တာကြောင့် KNLA တပ်ရင်း၂၇၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အရေးနိမ့်ဆုတ်ခွာခဲ့ကြပြီး ပြည်သူလူထုက ပို့သသောမေတ္တာကြောင့် ပြည်သူ့ဘက်တော်သားတွေ တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာစာရင်းအား မသိရှိရသေးပေမယ့် ပူးပေါင်းစစ်ကြောင်းက နယ်မြေရှင်းလင်းရာမှာ အကြမ်းဖက်စစ်ကောင်စီ ထွက်ပြေးသွားတဲ့နေရာက ၄၀ မမ နှစ်လုံး၊ စကားပြောစက် တစ်လုံးနဲ့ ဂေါ်ပြားတစ်လက်ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။


