နိုဝင်ဘာ ၁၅၊ The Nation Voice
မကွေးတိုင်း ကျောက်ထုမြို့နယ် လက်ပန်းရွာကို စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာ (၁၅)ရက် မနက် (၁၁) နာရီလောက်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်း ဝင်ရောက်သောင်းကျန်းစဥ် သံဃာတစ်ပါးနဲ့ ပြည်သူငါးဦးကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လက်ပန်းရွာတောင်ဘက်ပိုင်းကနေ နေအိမ်တွေကို မီးစရှို့နေတာဖြစ်ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ကျောက်ထုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း မြို့ရဲ့အရှေ့ဘက်ကိုဦးတည်ပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပြီး ပြည်သူများသတိထား သွားလာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။
#ကျောက်ထု#လက်ပန်းရွာ#မီးရှို့ဖျက်ဆီး#ဓားစာခံဖမ်းဆီး