နိုဝင်ဘာ ၁၅၊The Nation Voice
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံနေရာ(၃)ခုကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓါးမဆိုင်းတပ်မတော် (D.M.S.A)က The Nation Voice ကိုပြောပါတယ်။
မနေ့ကည (၇)နာရီခွဲအချိန်လောက်မှာ ဝက်လက်မြို့နယ်အတွင်းက ဆားလင်းကြီးမြို့မရဲစခန်း၊အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့နယ်တရားရုံးစတဲ့ နေရာ(၃)ခုကို ပူးပေါင်းအဖွဲ့တွေက (၈၀)မမ(၄)လက်၊(၁၂၀)မမ(၂)လက် စတဲ့လက်နက်ကြီးတွေနဲ့ (၃၂)လုံးခန့်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆားလင်းကြီးမြို့မရဲစခန်းအတွင်းကို လက်နက်ကြီး (၈)လုံးထက်မနည်းကျရောက်ပေါက်ကွဲခဲ့ကာ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးအတွင်းကို (၅)လုံးကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း (၄၀)မမဗုံးသီး၊စက်လက်ကလေးတွေနဲ့ (၂)ကြိမ်တိုင် ပြန်လည်ပစ်ခတ်မှုတွေပြုလုပ် ခဲ့တယ်လို့ အသိပေးထားပါတယ်။
“ပျက်စီးအထိခိုက်များနိုင်ပြီး စစ်ခွေး၊ရဲခွေးများထိခိုက်မူကိုတော့ သတင်းရယူမူအခက်ခဲများကြောင့် မသိရှိရသေးပါ”လို့ (D.M.S.A)က ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ တပ်ခွဲ(၂)၊ တပ်ခွဲ(၄) တို့က အတုပူပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
ဓါးမဆိုင်းတပ်မတော် (D.M.S.A)အဖွဲ့ဟာ နိုဝင်ဘာ(၃)ရက်နေ့တုန်းကလည်း ပုလဲမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က(၅)ဦးအထိ သေဆုံးခဲ့ပါသေးတယ်။
