တနင်္သာရီမြို့နယ်အတွင်း ဒေသခံတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်တပ်ဘက်က တစ်ရက်ထဲမှာ(၉)ဦးအထိသေဆုံး

နိုဝင်ဘာ ၁၅၊ The Nation Voice

တနင်္သာရီမြို့နယ်အတွင်းမှာ မနေ့ကအကြမ်းဖက်စစ်တပ်နဲ့ (၂)ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား(၉)ဦးအထိ သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း-၂က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက်(၅)နာရီလောက်မှာ တနင်္သာရီမြို့နယ်၊မော်တုန်းကျေးရွာ အနောက်ဘက်ကမ်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၅၇)၊ ခမရ(၅၅၈)နဲ့ ဒေသခံတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ (၄)နာရီနီးပါးကြာမြင့်ခဲ့ပြီး မနက်(၉)နာရီလောက်မှာ တိုက်ပွဲပြီးဆုံးကာ အကြမ်းဖက်စစ်တပ်ဘက်က (၆)ဦးအထိသေဆုံး၊(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော်(၁) ဦး လက်မောင်းရှပ်ထိဒဏ်ရာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တနင်္သာရီမြို့နယ်၊ဗောဓိကမ်းကျေးရွာ တံတားအနီးက အကြမ်းဖက်စစ်တပ်ရဲ့ အမတ(၃၀၆)နဲ့ခမရ(၅၅၇)တို့ကို မနေ့ကမနက်ပိုင်းလောက်မှာလည်း သွားရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းလောက်မှသာတိုက်ပွဲပြီးဆုံးခဲ့ကာ အကြမ်းဖက်စစ်တပ်ဘက်က (၃)ဦးအထိ သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

“ယခုထုတ်ပြန်ကြေညာချက်သည် ယမန်နေ့ကမြေပြင် အခြေအနေမတည်ငြိမ်၍ ယနေ့ထုတ်ပြန်ကြေညာအပ် ပါသည်။ အထက်ဖော်ပြပါ တိုက်ပွဲစုစုပေါင်း (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ စုစုပေါင်း(၉)ဦးသေဆုံး၊(၆)ဦး ဒဏ်ရာရရှိခဲ့ကာ မိမိတို့ဘက်မှ ရဲဘော်(၁)ဦး လက်မောင်းဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်”လို့ မြိတ်ခရိုင်တပ်ရင်း-၂က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း-(၂)၊တပ်ခွဲ(၁)နဲ့အတူ မပာာမိတ်တပ်ပေါင်းစုအဖွဲ့တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *