ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးသဘောထားကို NLD စီအီးစီနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှ ပြောမယ်ဆိုတဲ့အပေါ် ထောက်ခံကြောင်း PPST ထုတ်ပြန်

နိုဝင်ဘာ ၁၅၊ The Nation Voice

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ နိုင်ငံရေးသဘောထားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုချက်အပေါ် ထောက်ခံကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ကြေညာချက်ထုတ်ပြန်ပါတယ်။

PPST  ဦးဆောင်မှု ကော်မတီ အစည်းအဝေးကို  မနေ့က နိုဝင်ဘာ ၁၄ရက်မှာ ကျင်းပပြီး အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီအနေနဲ့ NLD ဥက္ကဋ္ဌ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးပြီး မတရားစွပ်စွဲကာ အမှုအမျိုးမျိုးနဲ့ထောင်ဒဏ် နှစ်ရှည်ချမှတ်ထားတာဖြစ်ပါတယ်။

PPST ရဲ့ ထုတ်ပြန်ချက်မှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်မှုအပေါ် စစ်ကောင်စီအနေနဲ့ ပူးပေါင်းပါဝင်ဖို့ အမေရိကန် သမ္မတရဲ့ တိုက်တွန်းချက်ကိုလည်း ထောက်ခံ ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

PPST ဟာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီထဲက အဖွဲ့အများစုဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *