မော်လမြိုင်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ခြောက်ဦး အဖမ်းခံရပြီး အဆက်အသွယ်ပြတ်နေတဲ့ ရဲဘော် သုံးဦးရှိ၊

အုပ်ကြီးရဲ့ သား ဒလန် တစ်ဦးနဲ့ ရဲ တစ်ဦးလည်း သေ

နိုဝင်ဘာ ၁၅၊ The Nation Voice

ယမန်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး လူငယ် ခြောက်ဦးအဖမ်းခံလိုက်ရတယ်လို့ Special Underground Movement Force-Mawlamyin က ထုတ်ပြန်ပါတယ်။

ဇေယျာ (၃) နယ်မြေအတွင်း မနေ့ ညနေ (၆) နာရီဝန်းကျင်အချိန်က ရဲဘော် အမျိုးသား လေးဦး၊ အမျိုးသမီး တစ်ဦးတို့ကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သား ဒလန် တစ်ဦး နဲ့ ရဲ တစ်ဦးကိုတော့ ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲ ရရှိထားတဲ့ သတင်းအရ ခြောက်ဦး ဖမ်းဆီးခံရတယ်လို့ သိရပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ အဆက်အသွယ်ပြတ်နေတဲ့ ရဲဘော် သုံးဦးလည်းရှိနေသေးတယ်လို့ Special Underground Movement Force-Mawlamyin က အသိပေးထားပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်စဉ်ရဲ့ ည (၇) နာရီအချိန်လောက်မှာ စစ်ကောင်စီတပ် အင်အား (၃၀၀) လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး ပိတ်ဆို့ ဖမ်းဆီးခဲ့တာကြောင့် လက်နက်ငယ် သုံးလက်နဲ့အတူ ရဲဘော်တွေအဖမ်းခံခဲ့ရတာဖြစ်ပြီး အဖမ်းဆီးခံရဲဘော်တွေအတွက် ဆက်လက် တော်လှန်သွားမှာဖြစ်ပြီး မကြာခင် အကြွေးပြန်ယူမယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *