ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ်တွေမီးရှို့ခဲ့တဲ့အပြင် ဒေသခံအရပ်သား(၅)ဦးကိုပါ သတ်ဖြတ်သွား

နိုဝင်ဘာ ၁၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်တောင်ပိုင်းကကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံပြည်‌သူတွေရဲ့ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အပြင်အရပ်သားပြည်သူ(၅)ဦးကိုပါ သတ်ဖြတ်သွားကြောင်း 96Soliders-PDF အညာဒေသတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီအကြမ်းဖက်စကစ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့ကတည်းက ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းကကျေးရွာတွေကို စတင်စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ဒေသခံတပ်တွေနဲ့ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ကာ ထန်းကြီးကျေးရွာအုပ်စု၊ထန်းကြီးဘူတာရွာကို ဝင်ရောက်သွားခဲ့ပါတယ်။

နိုဝင်ဘာ(၁၃)ရက်နေ့မှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ ထန်းကြီးကျေးရွာအုပ်စု၊ထန်းကြီးကျေးရွာကို မီးရှို့ဖျက်စီးသွားခဲ့ပြီး အိမ်ခြေ(၅၀၀)ခန့်ရှိတဲ့ ထန်းကြီးရွာဟာ (၅)ပုံ (၄)ပုံလောက်မီးရှို့ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထန်းကြီးကျေးရွာအုပ်စုက ပြည်သူ(၄)ဦးကိုသတ်ဖြတ်သွားခဲ့ပြီး လေဖြတ်နေသူတစ်ဦးကိုပါ မီးရှို့သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာ(၁၄)ရက်နေ့မှာတော့ စစ်ကြောင်းဟာ ကြောင်းဖြူရွာအတွင်းက နေအိမ်(၅)လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။

ဝက်လက်မြို့နယ်တောင်ပိုင်းကကျေးရွာတွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတဲ့ အကြမ်းဖက်စကစစစ်ကြောင်းကို ဒေသခံတပ်တွေကလည်း အတူပူးပေါင်းပြီး ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *