နိုဝင်ဘာ ၁၆၊ The Nation Voice
ACC မဟာမိတ်အဖွဲ့ထံကို ပြည်သူတွေက လှူဒါန်းပေးလာတဲ့ လက်ဝတ်ရတနာ (၁၉) မျိုးကို မဲဖောက်ပေးကာ တော်လှန်ရေးရံပုံငွေရှာဖွေတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ဇွန်လ (၉) ရက်နေ့က စတင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ လက်ဝတ်ရတနာ (၁၉) မျိုးရဲ့ တန်ကြေးဟာ မြန်မာကျပ်ငွေ သိန်း (၂၅၀) တန်ဖိုးရှိပြီးတော့ ပထမဆုအနေနဲ့ ကျပ် သိန်း (၉၀) တန် စိန်လည်ဆွဲ၊ ဒုတိယဆုအနေနဲ့ ကျပ် (၂၇) သိန်းတန် စိန်နားကပ်တစ်ရံ တို့ကို မဲဖောက်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပြည်သူ့ရတနာတော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲပွဲ အစီအစဉ်ကနေ အလှူငွေ ထိုင်းဘတ်(၄)သန်း နီးပါး အလှူငွေရရှိခဲ့သလို နောက်ထပ်အလှူရှင်တွေက ရွှေငွေရတနာတွေ ထပ်မံလှူဒါန်းပေးခဲ့တယ်လို့ ကိုရဲမင်း( ACC) ကပြောပါတယ်။









