ဗန်းမောက်က စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

နိုဝင်ဘာ ၁၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်၊မံထုံရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolution က ဖော်ပြပါတယ်။

မနေ့က နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်မှာ ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင်ကျောင်းကို ဗုံး (၂)လုံး ကြဲချသွားတာလို့ ဆိုပါတယ်။

လေကြောင်းက ကြဲချတဲ့ ဗုံးဟာ ကျောင်းဝင်းအတွင်း ကျရောက်ခဲ့ပေမယ့်လူထိခိုက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

ဗန်းမောက်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ပြည်သူအချို့ သေဆုံးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ဗန်းမောက်မြို့နယ် ကြောင်လည်ရွာ ဆေးရုံ ၊ ဝန်ထမ်းအိမ်ယာနဲ့ခန်းမတို့ကို စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို မန်ယူးကြီးရွာ ဆေးပေးခန်းကိုလည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *