မင်းအောင်လှိုင်က သူ့လက်အောက်က ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကို ဘွဲ့တွေပတ်ပေး၊ သူ့ပါးစပ်ပေါက် ဇော်မင်းထွန်းကိုလည်း ဇေယျကျော်ထင်ဘွဲ့ပေး

နိုဝင်ဘာ ၁၇၊ The Nation Voice

အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မှာ ကျရောက်တဲ့ အမျိုးသားနေ့ကို အကြောင်းပြုပြီး သူ့လက်အောက်က ဗိုလ်ချုပ်တွေကို ဘွဲ့တွေ တသီကြီး ပေးအပ်ခဲ့ပြီး သူ့ပါးစပ်ပေါက်ဖြစ်တဲ့ ဇော်မင်းထွန်းကိုတော့ ဇေယျာကျော်ထင်ဘွဲ့ ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလို ဘွဲ့ပေးရတဲ့အကြောင်းအရင်းတွေကိုတော့ စစ်တပ်လက်အောက်မှာနေပြီး အမိန့်နာခံသူတွေဖြစ်တဲ့အတွက် မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့ စတဲ့ဘွဲ့တွေပေးခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ပြီးရင် ဒုတိယအကြီးဆုံး ဗိုလ်ချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို မဟာသရေစည်သူဘွဲ့၊ မန်းငြိမ်းမောင်၊ သိန်းညွန့်၊ ခင်မောင်ဆွေပါအဝင် နစက အဖွဲ့က (၁၃) ဦးကို စည်သူဘွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနက သေဆုံးပြီး စာရေးဆရာ နှစ်ဦးနဲ့ သေဆုံးသတင်းစာဆရာ တစ်ဦးအပါအဝင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးတွေပါဝင်တဲ့ (၄၁) ဦးကို စည်သူဘွဲ့တွေပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်နဲ့ ညိခဲ့ဘူးတဲ့ တီခွန်မြတ်၊ ကိုကိုလှိုင်၊ သက်သက်ခိုင် အပါအဝင် ဝန်ကြီးဌာနဝန်ကြီးများ၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ၊ ဘာသာရေးဆိုင်ရာ ဌာနချုပ် ဥက္ကဌတွေ အပါအဝင် (၄၅) ဦးကို သီရိပျံချီဘွဲ့၊ ဇော်မင်းထွန်းအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်တွေကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *